Monday, January 21, 2019
သင်ဇာ ပဲ ပြတတ်တာမဟုတ်ကြောင်း ပြသခဲ့တဲ့ စည်သူပလပ်ကျွတ်ရဲ့ စပိုက်ဒါမန်း ဖက်ရှင်
သင်ဇာ ပဲ ပြတတ်တာမဟုတ်ကြောင်း ပြသခဲ့တဲ့ စည်သူပလပ်ကျွတ်ရဲ့ စပိုက်ဒါမန်း ဖက်ရှင်
သျှန်သျှဏ်းရဲ့ စီးရီးမိတ်ဆက်ပွဲကိုတက်ရောက်လာခဲ့တဲ့ စည်သူ ပလပ်ကျွတ်
အဆိုတော် Shan Shann ရဲ့ အသိအမှတ်ပြုပါ တေးစီးရီးမိတ်ဆက်ပွဲနဲ့အမှတ်တရလက်မှတ်ရေးထိုးပွဲကို ယနေ့ညနေသုံးနာရီက လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။
သင်ဇာ ပဲ ပြတတ်တယ် ထင်နေသလား
တို့အမျိုးသားထု ကိုယ်စားပြု စည်သူပလပ်ကျွတ် လာပြီကွ …
ဒါတောင် အိပ်နေတဲ့အဆင့်ပဲ ရှိသေးတာတဲ့ …အဟွင်း
https://maharmedianews.com/?p=5035&fbclid=IwAR0v60qizVH4wBbCGTw5DLRRB38WV-ftQAoLKSp6FzFgxbwNoa06o_ZQy3k
Sunday, January 20, 2019
ကျတော်ဘာလို့ မိန်းမကြောက်ရသည် စာကိုဆုံးအောင်ဖတ်ရင် အဖြေတွေ့လိမ့်မည်
ကျတော်ဘာလို့ မိန်းမကြောက်ရသည် စာကိုဆုံးအောင်ဖတ်ရင် အဖြေတွေ့လိမ့်မည်
လွန်ခဲ့တဲ့ရက်သတ္တပတ်က ကျတော့် Gangster ကြီးသူကျောင်းကပြန်လာတဲ့အချိန် အိမ်ထဲကို ဝင်ဝင်ချင်းပဲ ကျတော့်ကိုလှမ်းမေးတာ။ မောင်ရေ! ဗျာ ဒီနေ့ဘယ်ကိုသွားသေးလဲ ကျတော်လည်းပြန်ဖြေပါတယ် ဘယ်မှမသွားပါဘူး ဘာလို့လဲ။ မဟုတ်ပါဘူး မောင့်ပိုက်ဆံအိတ်ကို ဗီရိုပေါ်မှာ မတွေ့ပဲ မောင့် ဘောင်းဘီအိတ်ထဲမှာတွေ့နေလို့လေ။ အော် ဒါက စောစောက အာလူးသွားဝယ်ပြီးပြန်တက်လာတာ။
ဒါကြောင့် ပိုက်ဆံအိတ်ကို ထုတ်ဖို့မေ့သွားတာ။ဒါပေမယ့် စဉ်းစားမိတာ တစ်ခုက ကျတော်ဆိုတဲ့ကောင်က ဘယ်မှမသွားရင် ပိုက်ဆံအိတ်ကို ဗီရိုပေါ်တင်ထားတတ်တဲ့ အကျင့်ရှိတယ်ဆိုတာ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘူး။ဒါကို သူက သတိထားမိနေတော့ ငါ့မိန်းမက နှယ်နှယ်ရရတော့မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ဆယ့်နှစ်ကြိုးလောက်မတတ်ရင်တောင် ဆယ့်တစ်ကြိုးခွဲလောက်တော့ တတ်မယ်ထင်တာပဲ။
အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်မှာ သူတို့ကြောက်ရတဲ့မိန်းမတွေရှိတယ်။
ဆြွာစ (ကိုယ့်ဘက်ကိုယ်ယက်ပြီးတွေးသည်😁😁😁)
ကျတော် အောင်မြင်တာမအောင်မြင်တာတော့ မသိသေးဘူး။ ဒါပေမယ့် Gangsterကိုကြောက်ရမှာတော့ သိနေတယ်။ ဆရာကြီးပီမိုးနင်း ကတော့ပြောဖူးတယ် လောကမှာမိန်းမကြောက်တဲ့သူလောက် ကျက်သရေတုန်းတဲ့သူမရှိဘူးတဲ့။ သူကိုယ်တိုင်လည်း မိန်းမကိုမကြောက်ဘူး အဲ့ဒါကိုသိချင်ရင်ဆရာကြီး ရွှေဥဒေါင်းရဲ့တစ်သက်တာမှတ်တမ်း ထဲမှာရှု့ ။ရွှေဥဒေါင်းနဲ့ပီမိုးနင်း ဘာတွေလုပ်တယ်ဆိုတာကအစ သေချာရေးထားတာ။
ပြောချင်တာကတော့ ကျတော်တို့က မိန်းမကိုကြောက်တယ်ကြောက်တယ် ပြောပြောနေတာ။ တစ်ခြားလူတွေအမြင်မှာတော့ ဒီကောင် ဘာကိုကြောက်လဲလို့
ထင်မိမှာပဲ။ဟုတ်တယ်လေ ကျတော့်အမျိုးသမီးက ပိန်ပိန်လေးရယ် ခုတောင် ကိုယ်ဝန်နဲ့မို့လို့ အကောင်ကကြီးနေတာ။ ဘယ်နားမှာ ကြောက်စရာရှိလို့လဲ ရန်ဖြစ်လို့ ကိုယ်ကကျွေးရင်တောင် ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး နဖူးကိုထိုင်တောက်နေရုံနဲ့ ခေါင်းပါသွေးခဲသွားမယ်။
အမှန်တော့ ကျတော်တို့ကြောက်တယ်ဆိုတာ သူများသားသမီးကို ယူပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ထားမိမှာ အဲ့တစ်ခုပဲကြောက်တာ ။ ကျတော်တို့ညားခါစ က ခဏခဏရန်ဖြစ်တယ်။ သူငယ်ချင်းတွေကြောင့် ကျတော့်ရဲ့ workaholic စိတ်ကြောင့်။ဒီတော့ အရမ်းစိတ်ညစ်ရတယ်။ အဲ့တော့ဘာဖြစ်လဲ သူနဲ့လည်းမျက်နှာချင်းမဆိုင်ချင်တော့ဘူး။
နောက်ဆုံး ကိုယ့်မိဘအိမ် ကိုယ်ပြန်မယ်လို့တောင် တွေးမိလိုက်တယ်။ အဲ့တော့မှသာ ကိုယ့်ကိုကိုယ် ယောင်္ကျားမပီသတဲ့ကောင် ဆိုတာ သိလိုက်ရတယ်။ဟုတ်တယ်လေ အိမ်ထာင်တစ်ခုတည်ထောင်ထားပြီး ကိုယ့်အိမ်ထောင်ကို သာသာယာယာဖြစ်အောင် မဖန်တီးပေးနိုင်မှတော့ ကျတော့်ကိုကျတော် ငါယောင်္ကျားကောင်းလို့ မပြောချင်တော့ဘူး။သူများသားသမီးကို သူ့မိဘလက်ထဲကနေ ချစ်လို့ကြိုက်လို့ယူထားပြီး ကိုယ့်လက်ထဲရောက်မှ မိန်းမ တစ်ယောက်ကို စိတ်ချမ်းသာအောင် မထားနိုင် ကိုယ့်ကိုကိုယ် ယောက်ျားကောင်းတစ်ယောက်လို့ ပြောရမှာ ကျတော်ရှက်တယ်။
အဲ့မှာ စပြီး ကျတော့်ကိုကျတော်ပြင်တယ်။ ကျတော်မကောင်းတဲ့ အချက်တွေကို ကျတော်တတ်နိုင်သလောက်ပြင်သလို သူ့ကိုလည်း ကျတော်မကြိုက်တဲ့ အချက်တွေကို ပြင်ခိုင်းတယ်။ဒါပေမယ့် လူပဲလေ အကုန်လုံးတော့ဘယ်ပြင်နိုင်မလဲ တစ်ချို့အရာဆို ပြင်မရတဲ့ ခေါက်ရိုးကျိုးနေတဲ့အကျင့်တွေတော့ ရှိနေသးတာ။ဥပမာ ကျတော်ဆို အိမ်သာတက်ရင် တံခါးမပိတ်တတ်တဲ့အကျင့် အဲ့ဒါမျိုးတွေကြတော့ နားလည်မှုနဲ့ပဲ သွားလိုက်တယ်။
ဒီတော့ အိမ်ထောင်ရေးက ပိုအဆင်ပြေလာတယ်။အရင်လို အော်ဟစ်ပြီးပြောဆိုရမယ့် နေရာမှာ အတတ်နိုင်ဆုံး ပြေပြပြစ်ပြစ်နဲ့ ပြောတတ်လာတယ်။ နောက်ပြီးအိမ်ထောင်ရေးကြောင့် ဖြစ်လာမယ့် စိတ်ဖိစီးမှု ဒဏ်တွေလျော့ချဖို့ အတွက် အရင်လို အပြင်တွေလျှောက်လျှောက်မသွားတော့ဘူး စိတ်ညစ်စရာပဲရှိရှိ ပျော်စရာပဲရှိရှိသူ့ အနားမှာပဲ အချိန်ပေးဖြစ်ပေးတယ်။နောက်ပြီး သူလုပ်ရမယ့် အိမ် အလုပ်တွေပါ ဝင်လုပ်ပေးတတ်လာတယ်။အဲ့မှာစပြီး မိန်းမကြောက်တယ်လို့အပြောခံရတာပဲ။
ပြောလည်းပြောပြောပါ ငါကယောင်္ကျားပဲကွ ဘာလို့မိန်းမကို လိုက်ဂရုစိုက်ပေးရမှာလဲ ငါသွားချင်သွားမယ် ငါလုပ်ချင်လုပ်မယ် လာပြောလို့ကတော့ ငါ့မိန်းမငါအရိုးကွဲအောင်ရိုက်လိုက်မှာ ဘာညာ ဆိုပြီး ယောင်္ကျားဝါဒီကြီးနဲ့ လူပုံလယ် ဂုဏ်ယူနေတတ်တဲ့သူတွေကိုတွေ့ရင် အိမ်ကသူ့မိန်းမမျက်နှာကို ကျတော်မြင်ယောင်ကြည့်ပြီး တော်တော်သနားတာ။
ကျတော်တို့ကတော့ ရှင်းတယ် ဟရောင် မင်းမိန်းမကိုမင်းကြောက်လားလို့မေးရင် ကြောက်တယ်ပဲတန်းဖြေမှာ ဘာကိုကြောက်တာလဲမေးရင် အဖြေကတစ်ခုထဲ သူစိတ်ဆင်းရဲနေမှာကြောက်တာ။
ကိုစ😁😁😁
https://thadinyatkwat.com/archives/17878
အဖြူရောင် ဂါဝန်လေးနဲ့ လှနေတဲ့ 🌸အိမ်စည်🌸
အဖြူရောင် ဂါဝန်လေးနဲ့ လှနေတဲ့ 🌸အိမ်စည်🌸
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်လိုက်တဲ့ ယူနိုက်တက်ဗွီးရှင်း (United Vision Eyecare Center) ဆိုင်ခွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ အလှမယ် ရွှေအိမ်စည် ရဲ့ ဖက်ရှင်အလှ…
Image may contain: 1 person, standing and sunglasses
Image may contain: one or more people and indoor
Image may contain: 1 person, standing and indoor
Image may contain: 1 person, glasses
Image may contain: 2 people, people standing
Image may contain: 1 person, standing
Image may contain: one or more people
Image may contain: 1 person, standing and indoor
Credit-myanmarcelebrity
https://thadinyatkwat.com/archives/17786
အချစ်အကြောင်းကို စဉ်းစားလာကြပြီ ဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိနြေ္ဒရရ ချိန်းတွေ့ကြပါ။ ရပါ၏ ။
ဒါပါပဲ ခင်​​ဗျာ…..
Ye Aung
(Unicode)
ချူံမြင်တိုးချစ်သူစုံတွဲများ နားထောင်ပေးပါ
မောင်တို့ .. မယ်တို့ .. အနေနဲ့ လူငယ် သဘာဝ ချိန်းဆို တွေ့ဆုံခွင့် အပြည့်အဝ ကိုယ်စီ ရှိပါတယ်။
ဒါပေမဲ့ ကိုယ်ချစ်ရတဲ့ သူကို လူသူ အသွားအလာ ပြတ်တဲ့ ချုံကြို ချုံကြား နေရာတွေမှာ ခေါ်မသွားသင့်ဘူး..။
ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲ အချစ်က ချုံတိုး စုံတွဲအချစ်ဘဲ ဖြစ်မယ် ..။
ကိုယ့်ချစ်သူကို ကိုယ်တန်းဘိုးထား မြတ်နိုးရာ မရောက်ဘူး..။
အချစ်အကြောင်းကို စဉ်းစားလာကြပြီ ဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိန္ဒြေရရ ချိန်းတွေ့ကြပါ။ ရပါ၏ ။
နောက်ပြီး မောင်တို့ မယ်တို့ဟာ .. တိုင်းပြည်ရဲ့ အနာဂတ်ကြယ်ပွင့်များ ဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်း ရှိရှိ တွေးခေါ် မျှော်မြင်တတ်တဲ့ အလေ့အထ ကောင်းများကို မွေးမြု လေ့ကျင့်ကြ ရမယ် ..။
ကိုယ့်ဆန္ဒ တခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆို တွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေ ချင်ဘူး ..။
ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲ ဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ် ဆိုတာ မရှိပါဘူး..။ ဘာကြောင့်လဲဆိုတော့ … နှစ်ဦး နှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲ ဖြစ်တယ် ..။
အဲ့ဒီလို ချုံမြင်တိုး စုံတွဲတွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက်သမားများ ရှိနေတယ်။ တက္ကသိုလ် စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်းလုယက်မှု များကြောင့် ကျောင်းသား အချို့ အသက် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြား ရှိပါတယ် ။
အသက်မသေဘဲ နာကျင် ဒဏ်ရာ ရခဲ့တဲ့ စုံတွဲများ ကတော့ မကြာ မကြာဘဲ ..။
တချို့စုံတွဲတွေဆို အသက် ဆုံးခဲ့တယ် တချို့ စုံတွဲများ ကတော့ ပစ္စည်းတွေ ပါပြီး လူတွေက နာလို့ ကျန်ခဲ့တယ်..။
မောင်တို့ … မယ်တို့သာ ချုံမတိုးဘူး ဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်း မရှိဘူး..။
ချုံမြင်တိုး စုံတွဲများဟာ အမှုအခင်းတွေ ဖြစ်ပွားပြီ ဆိုမှတော့ မဖြစ်မနေ ရဲစခန်းကို ရောက်ရတော့တယ် .. ။ ကောင်းကြသေးရဲ့လား ..။ ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီး ရှက်ကြရတယ် ..။ ထိုင်ပြီး ရှက်ရမဲ့ ကိစ္စကို ထပြီး မရှက်ချင်ဘူး ဆိုရင် မောင်တို့ မယ်တို့ ချုံမြင်တိုင်း မတိုးကြပါနဲ့။
မောင်ရင်းနှမလို စိတ်သဘော ထားပြီး ပြောခြင်း ဖြစ်ပါတယ် ..။
အခုလို အချိန်ကုန်ခံ .. ငွေကုန်ခံ ပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ ပြောတယ် မှတ်ပါ ..
ဒါပါပဲ ခင်ဗျာ…..
Ye Aung
https://thadinyatkwat.com/archives/17783
Windows 10 Auto update ပိတ်နည်း
Windows 10 Auto update ပိတ်နည်း
No photo description available.No photo description available.No photo description available.Image may contain: textImage may contain: text
Windows 10 Auto update ပိတ်နည်း
Auto update ဆိုတာ Service သမားအများစုံ ကြုံရတဲ့ အန္တရာယ်ပါပဲ Firmware လေး Download ဆွဲ့ဖို့ Laptop ကို Wifi လေးနဲ့ချိတ်လိုက်တယ် Firmware တောင် မဆွဲရသေးဘူး ဝယ်ထားတဲ့ internet plan လေးက ကုန်သွားပီ အဲ့လိုဆို so sad ပေါ့ 😢
အကြောင်းရင်းကတော့ winodws က auto update လုပ်လိုက်တာပါ။Windows10 မှာ auto update ဘယ်လိုပိတ်မလဲဆိုတာကိုတော့ တစ်ပုံခြင်း ကြည့်ပေးသွားကြပါ။
ပထမနည်းလမ်းကတော့................
1.Keyboard မှ Windows logo key + R ကိုတွဲနှိပ်ပါ Run Box ပေါ်လာပါက services.msc လို့ရိုက်ပြီး Enter နှိပ်ပါ။ 
2.Box တစ်ခုတက်လာပါမယ် အဲ့ထဲမှာ Winodws Update စာောကာင်းကို ရှာပြီး double click နှိပ်လိုက်ပါ။
3.Winodws Update Properties Box ပေါ်လာပါမယ်။ပြီးလျှင် 
Startup type ကို Disabled ပေးပြီး Apply/OKလုပ်ပေးပါ။
ဒုတိယတစ်နည်းကတော့...............Group Policy Editor Setting ကိုပြောင်းပြီး Windows Update ပိတ်နည်းပါ။
1.Keyboard မှ Windows logo key + R ကိုတွဲနှိပ်ပါ Run Box ပေါ်လာပါက gpedit.msc လို့ရိုက်ပြီး Enter နှိပ်ပါ။ 
2.Computer Configuration > Administrative Templates > Windows Components > Windows Update အဲ့လမ်းကြောင်း အတိုင်းသွားပါ။
3.Winodws Update Folder ထဲမှ Configure Automatic Updates ကို Double-click နှိပ်ပြီးဖွင့်ပြီး Disabled လုပ်ပေးလိုက်ပါ။
အထက်ပါနည်းလမ်း၂ချက်ဖြင့် Windows10 ရဲ့ Automatic Update ကိုပိတ်နိုင်ပါတယ်။
#Mobile_Light_Mobile_Phone_Professional_Training_&_ Service_Center
Ph:09400430913
အမှတ်(၈၂)ဒိုင်းဝန်ကွင်းလမ်းမကြီး ၊ ရွှေမြိုင်သီရိ ၊ မော်လမြိုင်မြို.။
https://www.facebook.com/mobilelightprofessionalphoneservice/posts/903419066714924
Oppo F1s Imei Repair (No Root_Box_App)
 Image may contain: phoneImage may contain: phone
Oppo F1s Imei Repair (No Root_Box_App)
အသိဒေက Mobie Service လုပ်သေးလားဆိုလို့
မတောက်တခေါက်လေး လုပ်ပါတယ်လို့ 🤔🤔🤔🤔
ဒီနေ့ကြုံရတာကတော့ ☺☺☺
Oppo F1s လေးပါ ဆင်းကတ် မသိဘူး တွေးလိုက်သေးတယ်
အင်တာနက် သုံးရင်း ဖြစ်တယ်ဆိုတော့ သေချာပြီ Hardwareပေါ့
Hardware မကိုင်ခင်
About phone ထဲ ဝင်ကြည့်လိုက်တော့
Baseband Unknow ဖြစ်နေတယ်အရင်ဆုံး BBသိအောင် Fix သေးတယ် မရဘူး ဒီတိုင်းပဲ 😞😞😞
Firmware ရေးတယ် ရေးပီးတော့ Basebandလေး ပေါ်လာကော ဆင်းတော့သိလာဘီ ပျော်သွားတာပေါ့ လခွမ်း အပျော်မဆုံးသေး Imei က Nullနေကော
လိုင်ုးပေါ် လိုက်ရှာတော့
ဒီနည်းလေးနဲ့ Fix လိုက်တာ OK သွားပါတယ် Box Dongle မလိုပါဘူး
တော်သေးတယ် သံဖုံးမခွာ ခင် သေချာအောင်ကြည့်လိုက်မိလို့ ☺☺☺
ကို ရဲမင်းဦး ကို creditပေးပါတယ် 👈👈👈👈
Oppo F1s Imei Repair (No Root_Box_App)
*****************************************
ခုနည်းက Oppo F1s_MT6755 ကို Root/Box/Software တွေမသုံးပဲနဲ့ imei ရေးတဲ့နည်းပါ..စာတွေအ
ရှည်ကြီးရေးမနေတော့ဘူး....အောက်မှာလည်းပုံနဲ့ပြပေး
ထားမှာဆိုတော့... imei null နေတဲ့ဖုန်းကိုဖွင့်.. ဖုန်းခေါ်
တဲ့အထဲကိုသွား အောက်က Code ကိုရိုက်ပါ..
Code: *#36446337#
>Engineering Mode
>Slide to Connectivty
>CDS Information
>Radio Information
>Phone 1 , Phone 2 အထိရောက်ပြီဆိုရင် Send AT Command ထဲဝင်ပြီး Code စပြီးရေးပါမယ်..
(Phone 1 မှာရေးရမည့် Code က)
> AT+ EGMR=1,7,"IMEI" (+ ပြီး Space ခြားပါ)
IMEI နေရာမှာ ကိုယ်ကြိုက်ရာ ဂဏန်း (၁၅)လုံးထည့်ပေးပါ။
AT command is sent: OK လိုပြရင် နောက်ပြန်
ဆုတ်ပြီး Phone 2 ကိုဝင်ပါ...
(Phone 2 မှာရေးရမည့် Code က)
> AT+ EGMR=1,10,"IMEI" (+ ပြီး Space ခြားပါ)
Phone 1 နဲ့ Phone 2 မှာ ကွာသွားတာဆိုလို့ 7 နဲ့ 10 ပဲချိန်းသွားတာပါ ကျန်တာအတူတူပါပဲ...
AT command is sent: OK လိုပြရင်..နောက်ပြန်
ထွက်ပြီး ဖုန်းကိုပါဝါ ပိတ်ပေးလိုက်ပါ.. ပြန်ပွင့်လာရင် imei
OK ပါပြီ... Thank...
#
https://www.facebook.com/RebornKratos/posts/2469786526384388
၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း
၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း
22128
50KSHARES
၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း
ကြာသပတေးသားသမီးတို့သည် ယခုနှစ်တွင် မိမိဘဝကို မိမိဘာသာ ကိုယ်ထူးကိုယ်ထ ကိုယ်ဖာသာကိုယ် တစ်ကိုယ်တော်ရုန်းကန်ရမည်နှစ် တစ်ပါးသူအပေါ် အားကိုယ်၍ မရတတ်ပါနှစ်ကာလဖြစ်ပါတယ် ။အိမ်နေချင်စိတ်မရှိဘဲ စိတ်လေလွင့်ရာ ထွက်ပေါက်ရှာပြိး တဇွတ်ထိုးလုပ်ချင်ရာလုပ်ပြိး ဒုက္ခရောက်တတ်သည် ။ ဘာသာတရားများများလုပ်ပေးရင် မိမိစိတ်တည်ငြိမ့်ပြိး ကံကောင်းလာပါမည် ။ စီပွားရေးကိစ္စများနှင့်ပက်သက်၍ အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏလုပ်ကိုင်ရတတ်သည်။
မိသားစု၊မိတ်ဆွေ၊ပတ်ဝန်းကျင် မိမိကဘယ်လောက်စေတနာနှင့်လုပ်ပေးလုပ်ပေး ကျေးဇူးတင်မခံရပါ။အလကားနေရင် အမုန်းပွား၊စိတ်ညစ်နေရမည်။ထိုပြင် လုပ်ငန်းခွင်တွင် အကြံအစည်းအသစ်များ မည့်သည်လုပ်ငန်းမဆို သစ္စာဆို တိုင်တည့်ပြိး ရဲ့ရဲ့ဝံ့ဝံ့နှင့် ယုံကြည်စွာ လုပ်ကိုင်ပါ အောင်မြင်မှုပန်းတိုင်သည် မိမိလက်တစ်ကမ်းသို့ ရောက်ရှိနေပါမည်။ လူချစ်လူခင်ပေါများမည်။ အထက်တန်း အကြီးအကဲပုဂ္ဂိုလ်များ မိမိအားအလေ့ထား ချီမြှင့် မ,စခြင်းကိုခံရတတ်သည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ကာယလုပ်သားဖြစ်ပါက မိမိလုပ်အားခ အပြည့်ဝရရှိမည်။ အခွင့်အလမ်း အထူး ရရှိလိမ့်မည်။ သို့သော် မိမိဘဝနစ်မွန်းခံရတတ်သည်။ ပညာရှိသူတော်ကောင်း ပုဂ္ဂိုလ်များကို အမြဲစည်းကပ်၍ ပညာရပ်များ အကြံဥာဏ်များ ရယူပါ ။ငွေးကြေး ခိုင်မာမှု ရရှိအောင် အဘက်ဘက်မှာ ကြိုးစားရမယ်။ ငွေးကြေး ဖောင်းပွာခြင်းကို အထူးစီစစ် အရေးယူ ဆောင်ရွက်မှု ရှိတတ်သည်။ လူမူရေးနှင့် အလုပ်စီးပွား၌ အပျော်အပါးနှင့် လောင်းကစာတို့ကို အထူးရှောင်ကြဉ်ရမည်
ယခုနှစ်တွင် 2019ခု * 1လ၊ 7လ၊ 10လ၊ *များတွင် ကြာသပတေးသားများ ကံကောင်ခြင်းနှင့် အကျိုးပေး လဖြစ်သည်။ အကြံကောင်းဥာဏ်အကူအညီကောင်းရခြင်းများကြုံတတ် ပါသည်။ ရွှေငွေပစ္စည်းများဝင်ကိန်းရှိသည် ။ စပ်တူရှယ်ယာကိစ္စများအကျိုးပေးမည်။ အိမ်မြေခြံအသစ်ဝင်ကိန်းရှိသည်။ စိန်စက်အင်္ဂါနံပစ္စည်းမဝယ်ပါနှင့်။မြေ၊ ပရိဘောဂ အိမ်အလှဆင်တန်းဖိုးကြီး ပစ္စည်းများဝင်လာမည်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေကတော့ ရှေ့တိုးလုပ်ဆောင်သင့်ပြီ ။ လုပ်ငန်းရှင်ရဲ့ ချီးကျူးခံရခြင်းနှင့် လက်ရှိနေရာကနေ့ အမြင့်သို့ တတ်ရောက်ခွင့် အခွင့်အလမ်းများ သတင်းကောင်းများ ကြာရလိမ့်မယ်။ ယာဉ်မောင်းနှင်းခြင်း၊ စီးခြင်းများ ဂရုစိုက်ရမည် နှစ်ဖြစ်သည်။ ဆိုင်ကယ်၊ ကား၊ ယာဉ်မောင်းသမားအထူး ဂရုစိုက်လိုက်ပါ။
အဖမ်းခံရခြင်း၊ ငွေဒဏ်၊လူဒဏ်နှစ်ခုလုံး ဒဏ်ဆောင်ရသလို့ မိမိစက်ယာဉ်အခိုးခံရခြင်း၊ လုယှက်များလည်းကြုံတွေ့ရတတ်သည်။ အမွေအနှစ်များ ဖြေရှင်းရတတ်သည်။ ခရီးသွားလာရာတွင် ကျန်းမာရေး ဖောက်ပြန်မှုများနှင့် ကြံတွေ့ရတတ်သည်။ ယခုနှစ်တွင် 2019ခု * 2လ၊ 3လ၊ 5လ၊ *များတွင် ကြာသပတေးသားများ အကျိုမပေး လူယုံသတိထားပေးပါ။ သွားသူကိုင်သူလာသူမနာလိုမူလေးတွေရှိနေပါတယ်။(သတိထားပေးပါ) အဲဒါကြောင့် ကိုယ်ဘာလုပ်တယ်ကိုယ်ဘာကိုင်တယ်သူများသွာပြီးမတိုင်ပင်ပါနဲ့။ စပ်တူးရှယ်ယာလုပ်ငန်းမလုပ်ပါနဲ့ နှစ်ယာက်,သုံးယောက်စပ်တူးရှယ်ယာ လုပ်ငန်းလုပ်မယ်ဆိုရင်လုံးဝအကျိုးမရှိပါဘူးဒါကြောင်မလုပ်ပါနဲ့ ။
ဘယ်လုပ်လုပ်ဘာဘဲကိုင်ကိုင်အဆင်မပြေဖြစ်နေတတ်၍ စီးပွားရေးကြောင်စိတ်သောကကျုံနေရတတ်သည်။ (2)လ,(3)လ အတွင်းမှာငွေဝင်ကိန်းရှိနေပါတယ်။ ဒါပဲမယ်ငွေက မိမိလက်ထဲမှာဝင်ဖြစ်မှာမဟုတ်ပါဘူး။ အဝင် အထွက် ရေလိုထွက်နေတတ်သည်။ မိမိကိုယ်ကို ယုံယုံကြည်ကြည် အလုပ်လုပ်ပါ အောင်မြင်လာပါမည်။ အလုပ်စီးပွားရေးနှင့် လှုမူရေးတွင် စိုးရိမ်းလွန်ခြင်း၊ အားနာတတ်ခြင်းတို့ကို ရှောင်ကြည်လျက် စိတ်တည်ငြိမ်ပြိး ဆုံးဖြတ်ချက်မှကန်လျင် အောင်မြင်မူများရရှိမည်။ စက်ပစ္စည်းနှင့်ထိခိုက်ဒဏ်ရာရတတ်သည်။ မိမိလုပ်ငန်းခွင့် မိမိနာမည် မိမိသဘောထားကို အလွှဲသုံးစားလုပ်ခြင်း ခံရတတ်သည်။
စီးပွားရေးဂဏ္ဍ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ (၁၄.၆.၂၀၁၉)မှစ၍ လုပ်ငန်းခွင်တွင် အကြံအစည်းအသစ်များဖြင့် ဆောင်ရွက်ရမည်။ အစုရှယ်ယာလုပ်ငန်းများ၊ ငွေးကြေးကိစ္စရပ်များချေးဌားခြင်း၊ ဖုန်းအပိုပစ္စည်းနှင့် စက်သုံးဆီးရောင်းဝယ်ခြင်း၊ အိမ်တွင်းလုပ်ငန်း၊ရေသန့်စက်အပိုပစ္စည်း ရောင်းဝယ်ခြင်းများ အကျိုးမြတ်ရရှိမည့်နှစ်ဖြစ်သည်။ ပြည်တွင်၊ ပြည်ပခရီးသွားလာခြင်းများ ပြုလုပ်ရမည်။ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊
ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများရောင်းဝယ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ရောင်းဝယ်ခြင်းကောင်း၏။ မိခင်ဘက်မှဆွေမျိုးများ၏ ကျန်းမာရေး ကိစ္စရပ်များတွင် ကူညီပံ့ပိုရခြင်းများကြုံတွေ့ရမည်။ ယခုနှစ်တွင် တနင်္လာ၊ သောကြာ၊ တနင်္ဂနွေနေ့သားသမီးများနှင့် မည့်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍပျိုရွယ်သူများအချစ်ရေးနှင့်ပက်သက်ပြိး စံပွင့်နေလိမ့်မည်။ ပျိုရွယ်သူများ လုပ်ငန်းတူ အသွားအလာတူသောနေရာမှာ ချစ်သူရည်စားတွေ့ရတတ်သည်။ မေတ္တာရေးကံကောင်းပြိး မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရည်းများ၍ အိမ်ထောင်တစ်စုတည့်ထောင်ရလိမ့်မည်။ တစ်ဖက်သတ်အချစ်ရေးမျိုးများနှင့်ကြုံတွေ့ရတတ်သည်။ လူပျို ၊ အပျို များဖြစ်ပါက မိမိအားထားရပြုရသော ချစ်သူအိမ်ထောက်ဖက်ဖူးစာရှင်ကို တွေ့ရတတ်ပြိး ဘဝရှေ့ရေး တိုးတတ်မှု ရရှိနိုင်ပါတယ် ။ ကြာသပတေးသားသမီးများ အိမ်ထောက်ဘက်နေနံ ၁နွေ၊ စနေ့၊ သောကြာ စီးပွားတိုးတတ်ခြင်း၊ အစိုးရာဝန်းထမ်းအချင်းချင်း ထဲက အိမ်ထောင်ပြုရခြင်း၊ အချစ်အိမ်ထောင်ရေးသာယာရခြင်း၊အသိုင်းအဝိုင်းဆွေမျိုး
ကူညိမစခံရခြင်း၊အမွေနှစ် ကားစက်ယဉ်ကြီးများ ရခြင်း၊နိုင်ငံရပ်ခြား မင်္ဂလာကိစ္စများပြု လုပ်ရခြင်း၊ငွေအလုံးအခဲရခြင်း၊စုဆောင်နိုင်မှုများ အစစကံကောင်းပါလိမ့်မည်။ 2ဂဏန်း, 3ဂဏန်း,5*ဂဏန်းရက်မွေးဖွားသူများ အများအားဖြင့်တော့ ရှေ့ ၆လတွင် အချစ်ရေး/အိမ်ထောင်ရေးမှာ သာယာပျော်ရွင့်ဖြတ်သန်းရသလို့ နောက်လဝက်တွင် အချစ်ရေးဒုက္ခ/အိမ်ထောင်းရေး သောအပူမီး သိုက်မြိုက်ပြိး ရှင်ကွဲကြုံ အနည်းအများ များသောအာဖြင့် ကြုံ တွေ့ရလိမ့်မည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိမိသားစုအပေါ် သစ္စာစောင့်ထိန်းသင့်သော ကာလဖြစ်၍ အလို့လို့နေရင်း အိမ်ထောင်သည့်များ စံပွင်နေတတ်နှစ်ကာလမို့ပါ၊အထူး မင်းစိုးရ ဝန်ထမ်းများနှင့် လုပ်ငန်းရှင် အိမ်ထောင်ရှင်များ ပို့သတိထားရမည်နှစ်ဖြစ်သည်။ အပူလာကပ်သူများကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်ရတတ်သည်။ အိမ်ထောင်ရေးတွင် အထင်လွှဲခံရတတ်သည်။ ပတ်ဝန်းကျင်ကြောင့် အိမ်တွင်းရေး စကားများရတတ်သည်။ အိမ်ထောင်ရေးတွင် စိတ်ကသိကအောက်ဖြစ်တတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားများအတွက် ငွေကြေးကုန်ကျမှုများရှိမည်။အိမ်ရာအတည်အကျမနေရခြင်း၊
ခဏခဏပြောင်းနေရတက်ခြင်း၊ အရွယ်ရောက်သော သားသမီးများ၊ဘာသာခြားများနှင့်အိမ်ထောင်ကျတာ၊ ရှင်ကွဲ၊ သေကွဲ ကွဲတာမျိုး ဖြစ်ရတက်ပါသည်။ ဘာသာခြားနှင့် ဖူးစားစုံခြင်း အိမ်ထောင်ရေ အချစ်ရေးမှာ မိဘ ဆွေမျို မောင်နှမဆွေမျိုး အသိုင်းအဝိုင်း မပြတ်မသားအခြေအနေများ များပြားတတ်၊ သဘောမတူ အနှောက်အယှက်၊ အဖျက်အစီး၊ စိတ်သောက အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရတတ်သည်။အချစ်ရေး/အိမ်ထောင်ရေးမှာ အကောင်းအဆိုး ဒွန်တွဲ ကြိုးစားကျော်လွှာရလိမ့်မည်။
ပညာရေးဂဏ္ဍ ဥာဏ်ပိုင်ဆိုင်ရာပညာရပ်များ တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ ထူးချွန်အောင်မြင်လာလိမ့်မည်။ ပညာရေးမြှင့်တင်ခြင်း ၊ စာကြည့်တိုက်၊ စာအုပ်၊ စာပေဂဏ္ဍအလေးထား ဆောက်ရွက်ရတတ်သည်။ အသက် ၅ နှစ်မှ ၁၉နှစ် အတွင်း နှင့် အသက် ၂၄၊ ၂၆၊ ၂၇၊ ၄၀၊ ၄၁နှစ် ပိုင်းခြား ၄၄ကျော် အထက်ပိုင်းများ ကံကောင်းပါလိမ့်မည်။ ကျန်နှစ်ပိုင်းခြားတွေ့ကတော့…ယခုနှစ် စိတ်နှစ်ခွ စိတ်နှစ်မျိုး ဖြစ်နေတတ်သည်။ ပညာရေး ဆည်းဖူးနေသူများလည်း ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတတ်သည်။ သို့သော်အသက်မွေးကြောင်းအတွက် ဘဝရပ်တည့်ရေးအတွက် ဦးစာပေး လုပ်ကိုင်ရတတ်သည်
ပညာရေး နှင့် အချစ်ရေးများ ရော့ထွေးနေခြင်းများကြုံတွေ့ရတတ်သည်။ မိမိရည်မှန်းချက်အတွက် အပျော်အပါးလိုက်စားမှုများ ရှောင့်ကြဉ်ပေးပါ။ သူငယ်ချင်းများ၏ ဆွဲဆောင်မှုကြောင့် လူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်သည်။ ကျန်းမာရေးဂဏ္ဍ ကျန်းမာရေးတွင် မျက်စိရောဂါ၊ ဗိုက်အောင့်၊ လေနာခြင်း၊ အရေပြားရောဂါဖြစ်တတ်သည်။ အထူးသဖြင့် ကျန်းမားရေးဂရုစိုက်ပါ။ သောကမီးများ ဝန်ရံလာတတ်သဖြင့် အမှားအယွင်းယွင်း ဖြစ်တတ်သည်။ ဆေးစားမှားခြင်း၊ ဆေးကုသရာတွင် အနာတခြား ဆေးတခြားဖြစ်နေတတ်သည်။ကြာသပတေးသားသမီးများ ကံကောင်းစေလိုသော်….. အနောက်တောင်အရပ်မှာ ဇရပ်ဆောက်လှူခြင်း၊ အမိုးအကာ ပြုပြင်ခြင်း နှင့် ဘုရားစေတီဟောင်းဆေးသုတ် ပြုပြင်ခြင်းများ ကုသိုလ်ပြုပါ၊ ဒါန်းပင် စိုက်ပါ။အရှေ့မြောက်အရပ် လမ်းဘေးဝဲယာတွင် ထနောင်းပင် စိုက်ပါ။ အဝါရောင် အဆင်းရှိသော ဥဿဖရား ရတနာဝတ်ဆက်ဆင်း။
ကြာသပတေးသားသမီးများ ထီးထိုရန် အရှေ့အရပ်ရှိ ထီဆိုင်မှာ (စ၊ ဆ၊ အ၊ ပ)အက္ခရာ နှင့် (၅- စ,- ၉- အလယ်,-၀-အပိတ်) ထီးထိုးခြင်းနှင့် တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးများနဲ့ စပ်တူထီးထိုးသင့်သည်။ ဆောင်ရွက်စရာကိစ္စများ ➖ ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(မောရသုတ်) ရွတ်ဆိုပြိး ပုတီး(၅)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* အဝါရောင်၊ ဆင်စွယ်ရောင်၊ အစိမ်းနုရောင် * အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ (စ၊ ဆ၊ အ၊ ပ)(၅- ၈- ၉- ၀) ယတြာ ➖ မိမိမွေးနေ့တွင် အုန်းညွန့်(၉)၊ ပိတောက်ညွန့်၊ မာလာကာညွန့်(၉)ညွန့်တို့ကိုပေါင်းပြိး ဘုရားတွင် လှူပေးပါ။ ယို(၅)မျိုး ဆွမ်းတော်ကပ်လှူပေးပါ။ သရက်သီး၊ သလဲသီး၊ သဘောင်္သီးများကို ဆွမ်းတော်ကပ်လှူပေးပါ။အရှေ့အရပ်ရှိ ဘုရားတွင် ထီး၊ တံခွန်၊ ကုက္ကား၊ ယပ်တောင်များ လှူပေးပါ။ ဘုရားတွင်(မောရသုတ်) ရွတ်ဆိုပြိး ပုတီးစိပ်၊ အဓိဌာန်ဝင်ခြင်းများဆောက်ရွက်ပေးပါ။
UNICODE FONT
https://www.everytimestory.com/knowledge/19015/
သင်ဇာ ပဲ ပြတတ်တာမဟုတ်ကြောင်း ပြသခဲ့တဲ့ စည်သူပလပ်ကျွတ်ရဲ့ စပိုက်ဒါမန်း ဖက်ရှင်
သင်ဇာ ပဲ ပြတတ်တာမဟုတ်ကြောင်း ပြသခဲ့တဲ့ စည်သူပလပ်ကျွတ်ရဲ့ စပိုက်ဒါမန်း ဖက်ရှင်   January 20, 2019     admin555 သျှန်သျှဏ်းရဲ့ စီးရီးမိ...
Popular
Contact Form
Name
Email *
Message *
Labels
ADS (413) Alcatel (2) All winner (3) Androd Xiaomi (244) Android Antivirus (6) Android application (14) Android Command (3) Android Coolpad (39) Android Font (59) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android kingo root (4) Android MTK Driver (6) Android Samsung (15) Android Samsung A series (24) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (9) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (228) Antivirus (7) AOTO (6) AOVO (7) Aplus (5) Archos (1) Asus (6) Attila (14) BenWee (1) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) Bravo (2) browser (2) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (72) CircleTech (2) CKTEL (2) Ding Ding (2) Download best (11) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (60) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (32) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (22) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (46) Huawei G series (51) Huawei H Series (7) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (4) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (62) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (3) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (8) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) Leegoog (19) Lenovo (11) LG (5) Liven (21) LoLo love (13) M-Horse (11) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) MHA-L29 (1) mi account remove (55) Micro Art (2) mine (1) MLA-L11 (1) Momo (7) movies (11) MP3 (1) MPT (5) MYA-AL10 (1) MyPhone (21) NCE-TL10 (1) Newings (3) Nipda (3) Nokia (10) Nova (6) Open (1) Oppo (155) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) PLK-L01 (1) Power (3) PRA-L21 (1) PRA-LA1_Prague-L21 (1) Prestigio (1) Professional (3) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) RNE-L21 (1) RNE-L23 (1) S10-201u (1) S8-701U (1) Samsung B seires (1) Samsung Clone (203) Samsung combination (341) Samsung Full (43) Science (13) SCL-L01 (1) SCL-L21 (1) Server (2) SINGTECH (90) SKG (4) SLA-L22 (1) SM-J530F full (1) Sony (72) Speed (7) SYH (91) T1-A21L (1) TAG-L21 (1) TCL (1) Teaching (2) tecno (30) Teeno (1) Telenor (7) TIMMY (4) titan (19) True Smart (51) TWZ (33) uptobox (2) VG (9) Video (12) VIE-L29 (1) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (1) Vivo (184) Vivo Clone (1) VKY-L09 (1) VNS-L21 (1) VNS-L23 (1) VNS-L31 (1) Voto (1) vps (8) WainFord (1) WAS-L03 (1) WAS-L21 (1) Wave (25) web (1) Wiko (5) Window (61) X-BO (64) XDU (8) Y221-U33 (1) Y300-0100 (1) Y330-U01 (1) Y330-U05 (2) Y330-U11 (1) Y360-U03 (1) Y360-U23 (1) Y360-U31 (1) Y360-U61 (1) Y530-U00 (6) Y530-U051 (1) Y600-U151 (1) Y600-U20 (1) Y600-U351 (1) Y625-U32 (1) Y635-L01 (1) Y635-L21 (1) ZTE (25)